FIV မှကြိုဆိုပါတယ်...

Sunday, December 4, 2016

Seven First Kisses မြန်မာစာတန်းထိုး (2016.၁၂.၅)



ကိုရီးယားဒရာမာပရိသတ်တွေကြားမှာ ရုတ်ရုတ်သဲသဲဖြစ်စေပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာ ပြောနေကြရတာကတော့ နာမည်ကျော်မင်းသားတွေရဲ့ ပထမအနမ်းကို လက်ခံရရှိမဲ့ ကံထူးသူကောင်မလေးအကြောင်း ဇာတ်အိမ်ဖွဲ့ထားတဲ့ “7 First Kisses” ဆိုတဲ့ စီးရီးအကြောင်းပါပဲ။ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စတင်ထုတ်လွင့်မဲ့ အဆိုပါစီးရီးအတွက် ဒီရက်ပိုင်းမှာပဲ အကြိုထွက်ရှိလာတဲ့ ၇၁ စက္ကန့်စာ ဗီဒီယိုအပိုင်းတိုလေးဟာ နူတ်ခမ်းနီမလေးတွေရဲ့ စိတ်ဝင်စားမှုတွေကို အောင်အောင်မြင်မြင် သိမ်းပိုက်သွားနိုင်ခဲ့တာပါ။

ဒရာမာဇာတ်အိမ်ကတော့။ မင်ဆိုဂျင်(Lee Cho Hee)ဆိုတဲ့ ကောင်မလေးဟာ နေ့စဉ်ဘ၀ကို အလုပ်မှာပဲဖြတ်သန်းနေရပြီး ချစ်သူတစ်ခါမှမထားဖူးသူပါ။ သူမရဲ့ဟန်မဆောင်တတ်တဲ့ဆန္ဒကြောင့် ကောင်းကင်ဘုံကပေးတဲ့ အထူးလက်ဆောင်ကို လက်ခံရရှိခဲ့ပါတယ်။ တစ်ရက်မှာတော့ နတ်ဘုရားမလေး(Choi Ji Woo) က သူမကို ခပ်ချောချောကောင်လေး ၇ ယောက်နဲ့ ဆုံတွေစေခဲ့ပါတယ်။ ကံထူးလှတဲ့ မိန်းမပျိုလေး မင်ဆိုဂျင်ဟာ အဆိုပါ ကောင်လေး ၇ ဦးထဲက သူမရဲ့ပထမအနမ်းပိုင်ရှင် ချစ်သူကောင်လေးတစ်ယောက်ကို ရွှေးချယ်ရမှာလည်းဖြစ်ပါတယ်။ ကောင်လေး ၇ ယောက်အဖြစ်တော့ ပြီးပြည့်စုံသူ(Lee Joon Gi)၊ ဆွဲဆောင်မှုရှိတဲ့ လျှို့ဝှက်စုံထောက်(Ji Chang Wook)၊ စိတ်ကူးယဉ်ဖို့ကောင်းတဲ့သူဌေး(Park Hae Jin)၊ ချမ်းသာတဲ့သူဌေးသားလေး[TaecYeon (2PM)]၊ နှစ်လိုဖွယ်ကောင်းတဲ့ကျောင်းသားလေး[Kai (EXO)]၊ နိုင်ငံအချစ်တော် သရုပ်ဆောင်မင်းသားအဖြစ်(Lee Jong Suk) နဲ့ ပေါ့ပေါ့ပါးပါးခရီးသွားလေးအဖြစ်(Lee Min ho) တို့က ပါဝင်သွားမှာပါ။

လျှို့ဝှက်စုံထောက်အဖြစ် ပါဝင်မဲ့ မင်းသား Ji Chang Wook က ” ကျနော် ပြီးခဲ့တဲ့ ဒရာမာ ‘The K2′ မှာတုန်းက လျှိုဝှက်စုံထောက်နေရာက သရုပ်ဆောင်ခဲ့တယ်။ ဒီဒရာမာတော့ တည်ငြိမ်တဲ့လူကြီးလူကောင်းနေရာက ပါဝင်ချင်ခဲ့တာ။ ထုတ်လုပ်သူကို ဇာတ်ညွှန်းပြင်ပေးဖို့ ပြောခဲ့ပေမဲ့ သူနားမထောင်ဘူးဗျာ” လို့ ဟာသဖောက်ခဲ့တာပါ။ TaecYeon (2PM) ကတော့ ဒရာမာမှာပါဝင်တဲ့ သူ့ရဲ့ဇာတ်ကောင်ဟာ သူအမြဲသရုပ်ဆောင်ချင်တဲ့ပုံစံလို့ ၀န်ခံခဲ့ပါတယ်။ Lee Joon Gi ကလည်း သမိုင်းနောက်ခံဒရာမာအပြီးမှာ စီးရီးတိုလေးဖြစ်ပေမဲ့ ပျော်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးမှာ ပါဝင်ရတာကို ကျေနပ်မိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ Legend of the Blue Sea ဒရာမာနဲ့ အောင်မြင်မှုတွေ ဆက်လက်ရရှိနေတဲ့ လီမင်ဟိုဟာ ဒီဒရာမာမှာ ပါဝင်ဖို့ မသေချာဘူးလို့ အစောပိုင်းက သတင်းတွေထွက်ခဲ့ပါသေးတယ်။ နောက်ဆုံးမိနစ် အတည်ပြုချက်နဲ့ ထုတ်လွင့်လာတဲ့ ဗီဒီယိုအရတော့ သူဟာ မျက်ဝန်းချိုချိုပိုင်ရှင် ခရီးသွားလေးနေရာက ပါဝင်လာတော့မှာပါ။ ဒါကြောင့်ပဲ စီးရီးနာမည်ကို Seven First Kisses (သို့) First Kiss For the Sixth Time လို့ အကြိုနာမည်ပေးထားရာက ယခုအခါမှာတော့ First Kiss for the Seventh Time အဖြစ် မီဒီယာတွေ့ဆုံမှုမှာ အတည်ပြုခဲ့ပါပြီ။

ဒီနှစ်ထဲမှာပဲ ပေါက်စီးရီးတွေဖြစ်တဲ့ Moon Lovers: Scarlet Heart Ryeo, Cheese in the Trap, The K2, Bring It On, Ghost, W – Two Worlds, Legend of the Blue Sea စီးရီးတို့မှ အဓိကမင်းသားတွေနဲ့ နာမည်ကျော် EXO ကေပေါ့အဖွဲ့ဝင်လို ကိုးရီးယားရဲ့ နာမည်ကျော်မင်းသားတွေ တစ်စုတစ်ဝေထဲပါဝင်မဲ့ ဒီဒရာမာဟာ ဒီဇင်ဘာ ၅ ရက်ကနေ ဇန်န၀ါရီ ၅ ရက်အတွင်း ထုတ်လွင့်မှာဖြစ်ပြီး အပိုင်း ၁၀ ပိုင်း ပါဝင်မယ်လို့ သိရပါတယ်။

Ref Review: itechpost
ဟန်သာ
Translated by Alex Yong
Encoded by J Jin Tai

FIV Entertainment မှတင်ဆက်သည်

ဒေါင်းလွတ်ဆွဲရန်

Saturday, December 3, 2016

Goblin ကိုးရီးယားဇာတ်လမ်းတွဲ မြန်မာစာတန်းထိုး (2016)



ဂင်​ရှင်း(Gong Yoo)ဟာ  မှင်စာ(Goblin)တစ်​​ကောင်​ဖြစ်ပြီး ​ဆိုးလ်​မှာစုံစမ်း​ရေးမှူးလဲလုပ်​​နေပါတယ်​​ သူရဲ့မ​သေနိုင်​တဲ့ဘ၀ကိုအဆုံးသတ်​ဖို့အတွက်​ လူသားသတို့သမီးတစ်​​ယောက်​အလိုရှိ​နေသူဖြစ်​ပြီး တစ်​ဖက်​မှာ​တော့ ၀မ်​​​ယော(Lee Dong Wook)က​တော့ အတိ​တ်​​မေ့​နေတဲ့ ၀ိဥာဉ်​နှူတ်​သူတစ်​​ယောက်​ပါ...

သူတို့နှစ်​​ယောက်​​တွေ့ဆုံပြီးအတူတူ​နေဖြစ်​လာတဲ့အခါမှာ​တော့ ဘာ​တွေဘယ်​လိုဖြစ်​မလဲဆိုတာ​တော့... အပတ်​စဉ်​ ​သောကြာ/စ​နေ TvNရုပ်​သံတွဲကလွှင့်​တဲ့Goblinဇာတ်​လမ်းတွဲကို ​စောင့်​ကြည့်​ပါလို့ပဲ​ပြောပါရ​စေ...

Goblinဇာတ်​လမ်းတွဲကို FIV Entertainment Channel တွင်​ ၀င်​​ရောက်​ကြည့်​ရှူနိုင်​ပါသည်

Review: Htet Nandar Aung
Translated by Htet Lin Oo
Encoded by J Jin Tai

FIV Entertainment မှတင်ဆက်သည်။

ဒေါင်းလွတ်ရန်

အပိုင်း ၁ (497.8 Mb)

အပိုင်း ၂ (594.3 Mb)

Wednesday, November 30, 2016

The Insidious: Chapter 2 (မြန်မာစာတန်းထိုး)

The Insidious: Chapter 2 (မြန်မာစာတန်းထိုး)

ပထမကားကိုကြည့်ပီးတော့ ခုဒုတိယကားကိုမျှော်နေမိမယ် ထင်ပါတယ် ဒီဇာတ်ကားမှာတော့ ပထမကားပီးသွားတဲ့နေရာကနေ ပြန်စထားပါတယ် ကြောက်စရာအခန်းတွေလည်း ပိုများလာပါတယ်

ဇာတ်လမ်းအကျဉ်းလေးကတော့ Renai ဟာElise ရဲ့ သေဆုံးမှုနဲ့ပါတ်သတ်ပီး အစစ်ဆေးခံရပါတယ် အဲ့လိုစုံစမ်းစစ်ဆေးနေဆဲကာလအတွင်းမှာ သူတို့မိသားစုဟာ အမေဖြစ်သူ Lorraine အိမ်မှာ ပြောင်းနေကြရပါတယ် Renai ဟာ အဖြူရောင်ဝတ်စုံနဲ့ အဖွားကြီးရဲ့ ခြောက်လှန့်ခြင်းကိုခံရပီး Josh ရဲ့ အမူအရာတွေကလည်း ထူးဆန်းနေပါတယ် ဒီလိုနဲ့ Lorraine ကလည်းဒီထူးခြားမှုတွေကို တွေ့ရှိပီး Elise ရဲ့ လုပ်ဖော်ကိုင်ဖက် Speces နဲ့ Tucker တို့နဲ့အတူ သူရဲ့သူငယ်ချင်းဟောင်း Carl တို့ကိုခေါ်ပီး ဒီပြဿနာရဲ့အဖြေကိုရှာခဲ့ကြပါ
သူတို့ဘယ်လိုအဖြေရှာပီး ဘယ်လိုအခက်အခဲတွေတွေ့မလဲဆိုတာတော့ ဇာတ်ကားလေးကိုပဲ ကြည့်လိုက်ကြပါနော် ဒီကားမှာအရင်ကားထက်ပိုပြီး ကြောက်စရာအခန်းတွေ အံ့သြစရာအခန်းတွေ ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့်အခန်းတွေ ပိုပါလာပါတယ် ဇာတ်လမ်းရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်း ဆက်စပ်မှုကလည်း ဟာကွက်ကို မရှိအောင်ကို အရမ်းကောင်းပါတယ် ဇာတ်လမ်းအစကနေအဆုံးထိ ဖိန့်ဖိန့်တုန်အောင် ကြောက်နေရတဲ့ကားမို့ လက်လွှတ်မခံသင့်ပါဘူး

Translated by Alex Yong
Encoded by J Jin Tai

Download Link

Tuesday, November 29, 2016

Prince of wolf (မြန်မာစာတန်းထိုး တရုတ်ဇာတ်လမ်းတွဲ)

Prince of wolf

ဇာတ်လမ်း အကျဉ်း

    ဒူဇီမင်းဆိုတဲ့ကောင်လေးတယောက်ဟာ မိသားစုနဲ့ တူတူခရီးထွက်လာရင်း ဦးလေးနဲ့ လိပ်ပြာဖမ်းထွက်ဖို့လိုက်သွားခဲ့တယ် အဲ့ဒီမှာ ဦးလေးက ဇီမင်းကို တောထဲမှာ ပစ်သွားခဲ့တယ် ဇီမင်းဟာလျှောက်သွားရင် ဝံပုလွေမတကောင်ထောင်ချောက်မိနေတာ တွေ့လို့ကယ်လိုက်ရင်း ဝံပုလွေဘုရင်ကြီးက သူ့ကို ဝံပုလွေ မျိုးနွယ်စုထဲ လက်ခံခဲ့ပြီး ဝံပုလွေသဘာဝတွေနဲ့ ကြီးပြင်းခဲ့ပါတယ်။

 နှစ်တွေကြာလာတော့ အမျိုးသမီးဓာတ်ပုံဆရာ မိမိတယောက် ဝံပုလွေတောင်ကို ဓာတ်ပုံလာရိုက်ရင်း ဇီမင်းနဲ့တွေ့ဆုံခဲ့တယ် မိမိဟာ ဇီမင်းအနေနဲ့ ပထမဆုံး တွေ့ကြုံရတဲ့ မိန်းကလေးတယောက်ဖြစ်ပြီး ချစ်မိသွားခဲ့ကာ သူ့ရဲ့ ဝံပုလွေ လက်တွဲဖော်အဖြစ်သတ်မှတ်ခဲ့တယ် မိမိ လူသားတွေဆီပြန်လာတဲ့အခါ ဇီမင်းလည်း လိုက်လာခဲ့ပါတယ်။

လူသားကမ္ဘာထဲပြန်ဝင်လာတဲ့ ခေတ်သစ် တာဇံတယောက် အဆင်ပြေပါ့မလား
သူ့ ဦးလေးကရော သူ့ကို ဘာလို့ထားခဲ့တာလဲ
ဇီမင်းက ချမ်းသာတယ့်သူဌေးကြီးရဲ့မြေးဆိုတာ မိမိ သိသွားရင်ရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုလိုက်ကြရအောင်နော်

Translated by Translated by kyi nue zin and chaw nandar myint
Encoded by J Jin Tai
FIV Entertainment မှတင်ဆက်သည်။

Download Link

အပိုင်း ၁ (489.3 mb)

အပိုင်း ၂(532 mb)

အပိုင်း ၃ (537 mb)

Padiwarada (beloved loyal wife) ปดิวรัดา

Padiwarada (beloved loyal wife)
ปดิวรัดา

သရုပ်ဆောင်နာမည်အရင်း ကတော့
မင်းသားက james jirayu (เจมส์ จิรายุ)
မင်းသမီးက Ranee Campen (ราณี เบลล่า) သို့မဟုတ် Bella (เบลล่า) လို့လူသိများကြတဲ့ မင်းသမီးနဲ့ တွဲဖက် သရုပ်ဆောင်ထားကြတဲ့ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

     ဟိုးအရင်က အရမ်းခင်ကြတဲ့သူဌေး မိာသးစုနှစ်စုရှိတယ် သူတို့တွေက သားနဲ့သမီးကြီးလာရင် လက်ထပ်ပေးမယ်လို့ကတိပြုခဲ့ကြတယ် အဲ့အချိန်မှာပဲ မင်းသား Saran ရဲ့ အဖေဟာ လူလိမ်ခံရပြီး အကြွေးတွေနဲ့ သတ်သေသွားခဲ့တယ် Saran တို့လည်း ဆင်းရဲသွားပြီး ဟိုမိသားစုနဲ့လည်း ကွဲသွားတာပေါ့ saran ကြီးလာတော့ ရဲမှူးဖြစ်လာပြီး ဘေးအိမ်က Duang ဆိုတဲ့ကောင်မလေးနဲ့ ကြိုက်ရာက မိဘတွေကသဘောမတူပဲ တခြားတယောက်နဲ့ပေးစားလိုက်တယ် saran အသည်းကွဲနေတာကို မကြည့်နိုင်တဲ့သူ့အမေက ဟိုမိသားစုဆီစာရေးပြီး သမီးတောင်းချိန် ဟိုဘက်က သမီး၂ယောက်ကလည်း မလိုချင်တာမို့ ငယ်ငယ်တည်းက အိမ်ရှေ့မှာပစ်သွားလို့ မွေးထားခဲ့တဲ့ Rin ကို တရားဝင်မွေးစားပြီး သမီးအနေနဲ့ ပို့ခဲ့ပါတယ်။

 Rin နဲ့ Saran မင်္ဂလာပွဲနေ့မှာပဲ Duang က ကွာရှင်းပြီး ပြန်ရောက်လာခဲ့တဲ့အခါ
Saran လိုက်ဖမ်းနေရတဲ့ လူဆိုးကလည်း မှော်အတတ်တွေတက်နေပြီး ပြန်ဒုက္ခပေးလာသောအခါ
Rin က သမီးအရင်းမဟုတ်တာကို သိသွားမလား Rin ကို စွန့်ပစ်သွားတဲ့မိဘတွေကရော ဘယ်သူတွေလဲဆိုတာသိချင်ရင်တော့ ဒီဇာတ်ကားလေးကို စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်😁

Translated by Kyi Nue Zin
Encoded by J Jin Tai

ဒေါင်းလွတ်လင့်

အပိုင်း ၁ (573.8 Mb)

အပိုင်း ၂ (556.9 Mb)

အပိုင်း ၃ (614.7 Mb)

Friday, November 25, 2016

The insidious (2010) မြန်မာစာတန်းထိုး

The insidious (2010) မြန်မာစာတန်းထိုး


သရဲကားဆို အရမ်းကြောက်စရာကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် အရမ်းအကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ် IMDB rating အနေနဲ့ကတော့ 6.8 အထိ ရထားတဲ့ကားလေးဖြစ်ပီး ဒီကားရိုက်တဲ့ ဒါရိုက်တာဟာလည်း The Conjuring , Annabelle ,Saw တို့လိုမျိုး အရမ်းအောင်မြင်ခဲ့တဲ့ သဲထိပ်ရင်ဖိုကားတွေရိုက်ခဲ့တဲ့ ဒါရိုက်တာ James Wam ပဲဖြစ်ပါတယ် ဇာတ်ကြောင်းလေးကို နည်းနည်းပြောပြကြည့်ပါ့မယ်

ဇာတ်လမ်းအစပိုင်းမှာတော့Josh နဲ့ သူ့မိန်းမဖြစ်သူ Renai တို့ဟာ သူတို့ကလေးတွေဖြစ်တဲ့ Dalton, Foster နဲ့ Cali တို့နဲ့အတူ အိမ်ပြောင်းလာခဲ့ကြပါတယ် တစ်နေ့မှာ Dalton ဟာ လှေကားပေါ်က ပြုတ်ကျပြီး ခေါင်းနဲ့ကြမ်းပြင်နဲ့ ရိုက်မိခဲ့ပါတယ် နောက်တစ်နေ့မနက်မှာတော့ Dalton ဟာပြန်မနိုးလာတော့ပဲ ကိုမာရောဂါ ဖြစ်သွားပေမယ့် ဒေါက်တာတွေကတော့ သူ့ရောဂါရဲ့ အရင်းအမြစ်ကို ရှာဖွေမတွေ့ခဲ့ပါဘူး ဒီလိုနဲ့ ၃ လကြာပြီးတဲ့နောက်မှာ သူတို့အိမ်မှာ ထူးခြားမှုတွေစတင်ဖြစ်လာပြီး Renai လည်း အဲ့ဒီအရာတွေကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ် ဒါ့ကြောင့်သူမဟာ Josh ကိုတခြားအိမ်ပြောင်းဖို့တိုက်တွန်းခဲ့ပါတယ်။

 ဒါပေမယ့်လည်း သူတို့အဲ့လိုအိမ်ပြောင်းပြီး မကြာခင်မှာပဲ Renai ဟာအိမ်အသစ်မှာ သရဲကို မြင်လိုက်ရပေမယ့် Josh ကတော့ သူ့မိန်းမပြောတာတွေကိုမယုံကြည်ခဲ့ပါဘူး ဒါပေမယ့် သူ့အမေ Lorraine က Dalton အခြေအနေနဲ့ပါတ်သက်ပြီး အကြံတစ်ခုပေးခဲ့ပါတယ် သူတို့ဟာ သရဲနှိမ်နင်းတဲ့သူတွေဖြစ်တဲ့ Lorraine ရဲ့ သူငယ်ချင်းဟောင်း Eliseနဲ့အတူ Specs နဲ့  Tucker တို့ကို ဒီအိမ်နဲ့ပါတ်သက်ပီး လေ့လာစမ်းစစ်ဖို့ ခေါ်လိုက်ပါတယ် အဲ့ဒီနောက်မှာတော့ Elise က Dalton ဟာ ရုပ်နမ်ခရီးသွားသူဖြစ်ပီး သူ့ကိုအမှောင်ကမ္ဘာကနေ ပြန်ဆွဲခေါ်ရမယ်လို့ ရှင်းပြခဲ့ပါတယ် အဲ့ဒိလိုဆွဲခေါ်နိုင်ဖို့ကလည်း ဖအေဖြစ်သူ Josh သာလျှင် အမှောင်ကမ္ဘာနဲ့ ဆက်သွယ်နိုင်သူဖြစ်တာကြောင့် သူကိုယ်တိုင်သွားခေါ်ခဲ့ရပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လို သည်းထိပ်ရင်ဖိုဖြစ်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ ပါမလည်း ဆိုတာတော့ ကိုယ်တိုင်ပဲ ဇာတ်ကားလေးကို ကြည့်ကြည့်လိုက်ကြပါ
ဒီကားလေးကအရမ်းကောင်းတဲ့ကားလေးမို့ လက်လွှတ်မခံသင့်ပါဘူး

မှတ်ချက် _ကြောက်တတ်သူများမကြည့်ရ 😜
(သယ်ရင်းတွေစုကြည့်ကြရင် ပိုပျော်စရာကောင်းတယ်)

Translated By Aung Thiha Tun, Alex Yong
Encoded By J Jin Tai
FIV Entertainment မှတင်ဆကည်။

Download and watch Movie(1.4 GB)

Tuesday, November 22, 2016

Ma Boy (ကိုးရီးယား ကျောင်းသား အချစ် Fancy ဇာတ်လမ်း)

Ma Boy (ကိုးရီးယား ကျောင်းသား fancy ဇာတ်လမ်း)


ဇာတ်လမ်းအကျဉ်း....

ပေါ့ပ်​အဆို​တော်​တစ်​​ယောက်​ဖြစ်​ချင်​တဲ့ ဂျန်းဂူရင်​(Kim So Hyun)ဟာ ဆိုးလ်​ကနာမည်​ကြီးအနုပညာ​အထက်​တန်း​ကျောင်းကို ​ပြောင်းလာခဲ့ပါတယ်​  သူ့ရဲ့အခန်း​ဖော်​က​တော့ ​ကြော်​ငြာစတား အိုင်​ရီနီ(Kim Sun Woo)ဖြစ်​ပါတယ်​  အိုင်​ရီနီဟာ သူ့မှာလူသိမခံချင်​တဲ့လျို့ဝှက်​ချက်​ရှိ​နေတာ​ကြောင့်​ ဘယ်​သူနဲ့မှအ​ရောမ၀င်​ပါဘူး ဒါဆို သူနဲ့အခန်း​ဖော်​ဖြစ်​လာတဲ့ စပ်စုတတ်​တဲ့ ဂျန်းဂူရင်​နဲ့​ရော အဆင်​​ပြေပါ့မလား?

ကျောင်းသားဖန်​စီ​ပေါ့​ပေါ့ပါးပါး​လေးမို့ သိပ်​မညွှန်း​တော့ဘူး​နော်​...
ကဲအခုပဲ ဒေါင်းလွတ်ပြီးကြည့်ရှူ ခံစားလိုက်ပါ။

အပိုင်း ၁
File Size (316.1 Mb) Pcloud

အပိုင်း ၂
File Size (248 Mb) Pcloud    

အပိုင်း ၃
File Size (292 Mb) Pcloud (ဇာတ်သိမ်း)