Skip to main content

Hwarang: The Poet Warrior Youth


“Hwarang: The Beginning”

ကိုးရီးယားစီးရီးပရိသတ်တွေ ကြိုတင်မျှော်လင့်နေခဲ့ပြီး ဒီလထဲမှာထွက်ရှိလာတဲ့ စီးရီးသစ်ကတော့ “Hwarang: The Beginning,” ပါ။ ကိုးရီးယားသမိုင်းထဲက ရှီလာခေတ်မှာ အရေးပါတဲ့အဖွဲ့ဖြစ်တဲ့ ဟွာရန်စစ်သူရဲအဖွဲ့ရဲ့ ချစ်ခြင်းနဲ့ ပြင်းပြမှုတွေအကြောင်းကို ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံစီးရီးတစ်ခုပါ။ သက်သစ်စလူငယ်မင်းသားတွေအပါအ၀င် ကေပေါ့အမျိုးသားအဖွဲ့တွေမှ နာမည်ကျော်တွေပါဝင်တဲ့ Hwarang ဟာ “flowering knights” ဆိုတဲ့ နာမည်နဲ့လည်း သိထားကြပါတယ်။

ဟွာရန်ဆိုတာကတော့ ရှီလာခေတ်မှ ပန်းလိုတပ်သားတွေပါ။ ကိုးရီးယားသုံးပြည်ထောင်ခေတ်မှာ ရှီလာနိုင်ငံ၏ အထူးအဖွဲ့ဖြစ်ပြီး နှစ်ထောင်ချီသမိုင်းကြောင်းရှိတဲ့ ရှီလာသမိုင်းနှင့်အတူ ဒွန်တွဲတည်ရှိခဲ့တာပါ။ ဟွာရန်တွေဟာ ငယ်ရွယ်ပြီး ချောမောတဲ့လုလင်ပျိုတွေဖြစ်ကာ ရံဖန်ရံခါ ဂီတနဲ့မွေ့လျောတတ်ပေမဲ့ တိုက်ခိုက်ရည်ကောင်းပြီး သေရမှာမကြောက်တဲ့ နန်းတွင်းသစ္စာခံ စစ်သူရဲအဖွဲ့လည်းဖြစ်ပါတယ်။ ဒီဒရာမာကတော့ ရှီလာခေတ် ဟွာရန်လုလင်ပျိုတွေ၏ အချင်းချင်းရင်းနှီးမှု၊ ချစ်ခြင်းမေတ္တာ၊ အဓိပ္ပာယ်ကောင်းတွေအတွက် အရွယ်ရောက်လာမှု အစရှိသည်တို့ကို နန်းတွင်းရေးရာ အရူပ်အထွေးတွေနဲ့ ပေါင်းစပ်ပြီး ဒရာမာစီးရီးအဖြစ် ပုံဖော်ထားတာဖြစ်ပါတယ်။

အဆင့်အတန်းနိမ့်တဲ့ သာမာန်မျိုးရိုးက မွေးဖွားလာပြီး ဘ၀ကို လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ရချင်တဲ့ ဆန်ဝူး(Park Seo Joon)၊ အထက်တန်းစား တော်ဝင်မျိုးနွယ်တစ်ယောက်ဖြစ်ပြီး မိသားစု ဂိုဏ်းဂဏတွေကြားကနေ သာမာန်ဘ၀ထဲ ကိုယ်ယောင်ဖျောက်နေတဲ့ ဆမ်မက်ဂျွန်(Park Hyung Sik)၊ ရှီလာမြို့တော် ဆိုရိုဘိုမှာ သန်မာရဲရင့်ပြီး ခန့်ညားတဲ့လူလင်ပျိုတစ်ယောက်အဖြစ် မျက်နှာပန်းပွင့်ပေမဲ့ အချစ်ရေးရာ ပွေရူပ်ကာ သွေးဆူလွယ်တဲ့ ဆိုဟို(SHINee's Choi Minho)၊ ရှီလာနိုင်ငံ အမတ်ချုပ်၏ မြေးဖြစ်ပြီး အေးစက်စက်နဲ့ တည်ငြိမ်သူ ဘန်ယူ(Do Ji Han)၊ ရှီလာနိုင်ငံ၏ အချောဆုံးလုလင်ပျိုအဖြစ် ပျိုမေတွေထင်ရှားပြီး လေနှင်ရာလွင့်နေတတ်တဲ့ ယိုဝိုး(Jo Yoon Woo)၊ စူးစမ်းလေ့လာလိုစိတ်ရှိတဲ့ လူငယ်လေး ဟန်ဆန်(BTS's V) ဆိုတဲ့ အဓိကဇာတ်ဆောင် ၆ ဦးတို့ ဟွာရန်အဖွဲ့ထဲ ၀င်ရောက်ပြီးနောက်ပိုင်း သူတို့ ရင်ဆိုင်ကြုံတွေ့ရတော့မယ့် ရှီလာနန်းတွင်း အရူပ်တော်ပုံကို မြင်တွေ့ရမှာပါ။

မင်းသမီးတွေအဖြစ် Go Ara နဲ့ Seo Ye-Ji တို့က ပါဝင်ထားပါတယ်။ ဟွာရန်ကို ဒီဇင်ဘာ ၁၉ ရက်မှ စတင်ထုတ်လွင့်ပြသမှာပါ။ ဒါပေမဲ့ ဒရာမာအကြို အထူးအပိုင်းတိုတစ်ခုကို ဒီဇင်ဘာ ၁၆ ရက်မှာ စတင်ပြသထားပါတယ်။ အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ KBS2 ကနေ ထုတ်လွင့်မှာဖြစ်ပြီး အပိုင်း ၂၀ ပါဝင်ပါမယ်။

အညွှန်း ကိုတော့ Motaku.club မှရေးသားတင်ဆက်ပေးထားပါတယ်။
Translated by Htat Lin Oo, Nang Lamin Nwe, Soe Wunna, Si Thu Htet
Encoded by J Jin Tai

FIV Entertainment မှတင်ဆက်သည်။

Download Links>>>

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈   Link 1    ,   Link 2
အပိုင်း ၁၉
အပိုင်း ၂၀ (ပြီးပါပြီ)

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. မတင်တော့ဘူးလာဗျား အခုစောက်နေတာ ၂ပါတ်ရှိနေပြီး
    တင်ပေးပါအုံး

    ReplyDelete

Post a Comment

Popular posts from this blog

Ruler (Master Of Mark) မျက်နှာဖုံးအရှင်သခင် (မြန်မာစာတန်းထိုး ကိုးရီးယားဇာတ်လမ်းတွဲ) 2017.5 လ.11 ၇က်

"မျက်နှာဖုံးအရှင်သခင်"
*****************

2017.5.10 ရက်နေ့မှစတင်၍ MBC ကိုးရီးယားရုပ်သံလိုင်းမှစတင်ထုတ်လွင့်ပြသမှာဖြစ်ပြီး FIV Entertainment Channel တွင်လည်း 2017.5.11 နေ့မှာစပြီး ဘာသာပြန်တင်ဆက်ပေးသွားမည်ဖြစ်ပါတယ်။

ဒီဒရမ်မာလေးဟာ ၁၈ရာစု ဂျိုဆွန်းခေတ်ကိုရိုက်ကူးထားတာပါ
ဒီဇာတ်လမ်းလေးမှာတော့ အိမ်ရှေ့မင်းသား လီဆန်း(Yoo seung-ho)နဲ့ သူ့ရဲ့ အားပြိုင်ဘက် တိုင်းပြည်ရဲ့ တစ်ဦးတည်းသော ရေအရင်းအမြစ်ထောက်ပံ့မှုကြောင့်အင်အားကြီးပြီး ချမ်းသာတဲ့ Pyunsoo-hwe အကြောင်းဖော်ပြထားပါတယ်
သူချစ်တဲ့မိန်းကလေး ဂါအွန်း (ကင်ဆိုဟွန်း)ရဲ့ အကူအညီနဲ့ လီဆန်းဟာ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မလား ဘာတွေ ဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့............

Reviewed by broken

FIV Entertainment Channel တွင် 2017.5.11 မှစ၍တင်ဆက်မည်။

Downlaod Link

Episode 1(Full Part),   Part 1,  Part 2 , 
Episode 2(Full Part),   Part 3,  Part 4,
Episode 3(Full Part),   Part 5,  Part 6
Episode 4(Full Part),Part 7,  Part 8
Episode 5(Full Part),   Part 9,  Part 10

Episode 6(Full Part),   Part 11,  Part 12
Episode 7(Full Part),   Part 13,  Part 14
Episode 8(Full Pa…

Saimdang: Light’s Diary ( ဆအင်ဒန် : အလင်းရောင်မှတ်တမ်း) 2017

မင်းသမီးကြီး လီယောင်အေး အဓိကပါဝင်သည့် Saimdang: Light’s Diary


ကိုးရီးယားမင်းသမီးကြီး Lee Young Ae ၏ ဒရာမာစီးရီးအသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာကိုတော့ မင်းသမီးကြီး Lee Young Ae ဟာ သူပါဝင်သရုပ်ဆောင်ပြီး အင်မတန်နာမည်ကျော်ခဲ့တဲ့ နန်းတွင်းရတနာ(A Jewel in the Palace, 2003) နောက်ပိုင်း 14 နှစ်အကြာမှ ပထမဆုံးအကြိမ် ပြန်လည်ရိုက်ကူးတာလည်းဖြစ်ပါတယ်။ အဓိကမင်းသားအနေနဲ့တော့ မင်းသား Song Seung Heon ပါဝင်ထားတာပါ။

ဒီဒရာမာမှာတော့ Lee Young Ae ဟာ ဂျိုဆွန်ခေတ်နာမည်ကျော် အနုပညာရှင် Shin Saimdang နဲ့ မျက်မှောက်ခေတ် ကိုးရီးယားအနုပညာသမိုင်းကျွမ်းကျင်သူ တက္ကသိုလ်ကထိကဆရာမ Seo Ji Yoon ဆိုပြီး ဇာတ်ရုပ်နှစ်မျိုးနဲ့ ပါဝင်ရိုက်ကူးထားတာပါ။ Song Seung Hun ကတော့ ဂျိုဆွန်းခေတ်က ဂီတပညာရှင် Lee Gyeom အဖြစ် ပါဝင်ထားပါတယ်။ Saimdang ကို မေတ္တာသက်ဝင်ခဲ့တဲ့ Lee Gyeom ဟာ သူ့ရဲ့ဘ၀ကို သူမအတွက်ပဲ မြုပ်နှံသွားတော့မှာပါ။ အီတလီရဲ့ လမ်းတစ်ခုမှာ အမှတ်မထင် လက်ဆောင်ရရှိခဲ့တဲ့ ဒိုင်ယာရီစာအုပ်ကနေမှ ကထိကဆရာမလေး Seo Ji Yoon ဟာ သမိုင်းခေတ်က အနုပညာရှင် Saimdang အကြောင်းကို လေ့လာနိုင်ခဲ့ပြီး ရှေ့ဟောင်းပန်ချီး၏နောက်ကွယ်က လျှို့ဝှက်ချက်ကိ…

Goblin ကိုးရီးယားဇာတ်လမ်းတွဲ မြန်မာစာတန်းထိုး (2016)

ဂင်​ရှင်း(Gong Yoo)ဟာ  မှင်စာ(Goblin)တစ်​​ကောင်​ဖြစ်ပြီး ​ဆိုးလ်​မှာစုံစမ်း​ရေးမှူးလဲလုပ်​​နေပါတယ်​​ သူရဲ့မ​သေနိုင်​တဲ့ဘ၀ကိုအဆုံးသတ်​ဖို့အတွက်​ လူသားသတို့သမီးတစ်​​ယောက်​အလိုရှိ​နေသူဖြစ်​ပြီး တစ်​ဖက်​မှာ​တော့ ၀မ်​​​ယော(Lee Dong Wook)က​တော့ အတိ​တ်​​မေ့​နေတဲ့ ၀ိဥာဉ်​နှူတ်​သူတစ်​​ယောက်​ပါ...

သူတို့နှစ်​​ယောက်​​တွေ့ဆုံပြီးအတူတူ​နေဖြစ်​လာတဲ့အခါမှာ​တော့ ဘာ​တွေဘယ်​လိုဖြစ်​မလဲဆိုတာ​တော့... အပတ်​စဉ်​ ​သောကြာ/စ​နေ TvNရုပ်​သံတွဲကလွှင့်​တဲ့Goblinဇာတ်​လမ်းတွဲကို ​စောင့်​ကြည့်​ပါလို့ပဲ​ပြောပါရ​စေ...

Goblinဇာတ်​လမ်းတွဲကို FIV Entertainment Channel တွင်​ ၀င်​​ရောက်​ကြည့်​ရှူနိုင်​ပါသည်

Review: Htet Nandar Aung
Translated by Htet Lin Oo, Si Thu Htet
Encoded by J Jin Tai

FIV Entertainment မှတင်ဆက်သည်။

ဒေါင်းလွတ်ရန်

Goblin Ost Pat-3 mmsub

"Stay With me(ငါနဲ့အတူနေပါ)" (Goblin Ost part-1) Chanyeol(EXO)+Punch
အပိုင်း ၁ (497.8 Mb)

အပိုင်း ၂ (594.3 Mb)

အပိုင်း ၃ (496.1 Mb)

အပိုင်း ၄ (541.2 Mb)

အပိုင်း ၅ (494.3 Mb)

အပိုင်း ၆ (498.8 Mb)

အပိုင်း ၇ (495.8 Mb)

အပိုင်း ၈ (594.1 Mb)

အပိုင်း ၉ (494.1 Mb)

အပိုင်း ၁၀ (…